“အခုလောလောဆယ်အရ ကျွန်တော်တို့နိုင်ငံမှာdetect(ဗိုင်းရပ်စ်ကိုဖော်ထုတ်နိုင်ဖို့) လုပ်ဖို့ ဓာတ်ခွဲခန်းမှာမလုပ်နိုင်သော်လည်းမကြာခင် ရက်ပိုင်းအတွင်းမှာလုပ်နိုင်တော့မှာဖြစ်ပါတယ်”
ဒေါက်တာမြင့်ထွေး(ပြည်ထောင်စုဝန်ကြီး)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်က ပြည်သူ့လွှတ်တော်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကာကွယ်မှုလုပ်ဆောင်ထားတဲ့အခြေအနေနဲ့ စနစ်တကျ ဆောင်ရွက်ထားမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့မှုများထဲမှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်။