လွိုင်ကော်ပြည်သူ့ဆေးရုံကြီးပိုင် မြေနေရာဟုဆိုကာ နှစ် ၄၀ ကျော်နေထိုင်ထားမှုကိုဖယ်ရှားခိုင်းသဖြင့် အခက်အခဲဖြစ်ဟုအငြိမ်းစားဆေးရုံဝန်ထမ်းအဖိုးအိုပြောကြား
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးပိုင် မြေနေရာဟုဆိုကာမင်းစုရပ်ကွက် အိမ်အမှတ် ၅၀၅ မှာ နှစ် ၄၀ ကျော်နေထိုင်လာသူအငြိမ်းစားဆေးရုံဝန်ထမ်းအဖိုးအိုအိမ်ကိုဒီဇင်ဘာလ ၁၈ ရက်မှာဆေးရုံအာဏာပိုင်ကဖယ်ရှားခိုင်းတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ နေထိုင်သူအဖိုးအိုစောဂျိုးဇက်ကပြောပါတယ်။