စပိန်နိုင်ငံမှာ ရာသီကြိုလေ့ကျင့်နေတဲ့ နာမည်ကျော်နည်းပြ ဘင်နီတက်ဇ်ရဲ့ ဒါလီယန်အသင်းက တရုတ်နိုင်ငံကို ပြန်ဖို့အခက်တွေ့နေပါတယ်။ သူတို့ ထွက်လာတုန်းက ခရီးစဉ်တွေကို မပိတ်ပင်သေးဘူး။ သူတို့ စပိန်ကို ရောက်ပြီးတော့မှ ခရီးစဉ်တွေ တားဆီးခံရတာဖြစ်ပြီး ဒေသခံ အာဏာပိုင်တွေကလည်း ဒါလီယန်ကို ပြန်ဖို့အတွက် လက်မခံကြဘူး။
သော့ခတ်ခံထားရသလို ဖြစ်လာလို့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေနေဟာ စိုးရိမ်စရာဖြစ်လာတယ်။ ကာယကံရှင်တွေကတော့ တော်တော်လေး စိတ်ထိခိုက်နေပြီ။ ကစားသမားတစ်ဦးက ရောဂါဖြစ်ရင် ဖြစ်ပါစေ ပြန်ချင်တယ်၊ မိသားစုနဲ့ တွေ့ချင်တယ်လို့ ပြောလာချိန်မှာ ဘင်နီတက်ဇ်လည်း စိတ်မကောင်းဖြစ်ရတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ ကျင်းပမယ့် အားကစားပြိုင်ပွဲတွေ ရွေ့ဆိုင်းထားရပြီး တရုတ်စူပါလိဂ်ကလည်း ဘယ်အချိန်ကျင်းပမယ် မသိသေးဘူး။ မရေရာတဲ့ အနာဂတ်များစွာ ဖြစ်နေပါပြီ။