အစိုးရဆိုတာ ဈေးသည်မဟုတ်သလို ပြည်သူကလည်း ဈေးဝယ်မဟုတ်ပါဘူး၊ ဝန်ကြီးဌာနအနေနဲ့ ဈေးသည်ကြီးလို အမြတ်ကြီးစားတာကို လျော့ချသင့်ပါပြီ
■ ဦးဝင်းအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - မိုးမောက်မဲဆန္ဒနယ်၊ ကချင်ပြည်နယ်)
ဖေဖော်ဝါရီလ ၁၉ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၈-၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ဒုတိယ ၆ လပတ် အခွန်ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ၂/၂၀၂၀ တို့နှင့်စပ်လျဉ်း၍ မိုးမောက် မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ ဆွေးနွေးချက်ကို ပြန်လည်တင်ဆက် ပေးထားခြင်း ဖြစ်ပါတယ်။