■ ဒေးဗစ်ဘက်ခမ်ရဲ့ တုနှိုင်းမဲ့ရတနာ ဟာပါ (ရုပ်သံ)
(၉) နှစ်အရွယ်သမီးငယ်လေး ဟာပါက အရွယ်နဲ့ မလိုက်အောင် ပေါ်ပြူလာဖြစ်နေလို့ ဒေးဗစ်ဘက်ခမ်တစ်ယောက် စိုးရိမ်စိတ် ကြီးနေပါတယ်။ သမီးတွေအပေါ် ထားရှိတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာတရားအတိုင်း ဒေးဗစ်ဘက်ခမ်က သူ့သမီးလေး အရွယ်ရောက်လာပြီးနောက် မိသားစုရင်ခွင် စွန့်ခွာသွားမယ့် အချိန်ကို ကြိုတွေးပြီး ရင်မောနေရတာပါပဲ။ သမီးလေး ဟာပါက ဒေးဗစ်ဘက်ခမ်ရဲ့ စိတ်မချခြင်းသံယောစဉ်၊ ရင်ခွင်ထဲတစ်သက်တာ ထွေးပွေ့ထားချင်တဲ့ ချည်နှောင်ကြိုး၊ ဘယ်လောက် ချစ်တယ်ပြောပြော အချိန်တန်လို့ အရွယ်ရောက်မယ့် ဆယ်ကျော်သက် တစ်ယောက်ရဲ့ လွတ်လပ်လိုမှု ကောင်းကင်ကို ဒေးဗစ်ဘက်ခမ် ဘယ်လိုတားဆီးမလဲ။ သူ့ရင်ခွင်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ထပ်ပြီးထွေးပွေ့ ထားနိုင်ဦးမှာလဲ။