အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ တိုးမြှင့်လိုက်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ တိုးမြှင့်ခံစားခွင့် ရရှိမည်
အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာ ကို တိုးမြှင့်သတ်မှတ်လိုက်ပြီး ပင်စင်ခံစားခွင့်ကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာက စပြီး တိုးမြှင့်ခံစားခွင့်ရရှိတော့မှာဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထွက်ရှိခဲ့ပါတယ်။