ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်အတွက်လာခြင်းကောင်းသူဆိုတာ သက်သေပြနိုင်ခဲ့ပြီး သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သလို တိုက်စစ်အခင်းအကျင်းရဲ့ အဓိကအသက်သွေးကြောအဖြစ် အသုံးတော်ခံခဲ့ပါတယ်။