သရုပ်ဆောင်မိုးအောင်ရင်၏ မူးယစ်ဆေးဝါးမှုကိစ္စ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကတရားမျှတမှုရှိမရှိလေ့လာပြီးသတင်းထုတ်ပြန်ပေးရန် လွှတ်တော်ကိုယ်စားလှယ် အကြံပြု
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအနေနဲ့ ပြည်သူများအကြားအပြင်းအထန် ဝေဖန်နေတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီးတရားမျှတမှုရှိမရှိလေ့လာပြီးသတင်းထုတ်ပြန်ပေးပါက ပြည်သူများအနေနဲ့ ကော်မတီအပေါ်ပိုမိုယုံကြည်လာနိုင်တယ်လို့ အင်ဂျန်းယန်် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ကအကြံပြုဆွေးနွေးသွားခဲ့ပါတယ်။