မြန်မာ့လက်ရွေးစင်ဟောင်းတစ်ဦးရဲ့ မြက်ခင်းစိမ်းအလွန်နေ့ရက်များ
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအတွက် မေ့မရနိုင်တဲ့ ခေါင်းဆောင်တစ်ဦး၊ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် စန်းစန်းမော်ရဲ့ မြက်ခင်းစိမ်းနေ့ရက်များအလွန်ဘဝဟာ အများမျှော်လင့်ထားတာထက် ကြမ်းတမ်းနေပါတယ်။ လက်ရှိအချိန်မှာ စန်းစန်းမော်ဟာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရထားပေမယ့် သူ့ရဲ့ဘဝနေထိုင်မှုအတွက် ခက်ခဲစွာရုန်းကန်နေရပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအတွက် မေ့မရနိုင်တဲ့ ခေါင်းဆောင်တစ်ဦး၊ သူရဲကောင်းတစ်ဦးဟာ အကြော်ရောင်းရတဲ့ဘဝရောက်နေခဲ့ပါပြီ။ အတိတ်ကာလတုန်းက အောင်ပွဲတွေ၊ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ သုဝဏ္ဏဘောလုံးကွင်းဝန်းအတွင်းမှာ အကြော်နဲ့ အအေးရောင်းနေရပါပြီ။ ဒီဖြစ်ရပ်ဟာ မြန်မာအားကစားကြယ်ပွင့်ဟောင်းတစ်ဦးရဲ့ မြက်ခင်းစိမ်းအလွန်နေ့ရက်များဟာ ဝမ်းနည်းဖွယ်ရာကောင်းနေပါတယ်။