အီရန်တွင်ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၃၅၄ ဦးရှိလာ

အီရန်တွင်ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၃၅၄ ဦးရှိလာ
Published 12 March 2020

အီရန်မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ ့သေဆုံးသူဦးရေဟာ တစ်နေ့တည်း ၆၃ ဦးထပ်တိုးလာခဲ့လို့ မတ်လ ၁၁ ရက်နေ့အထိ သေဆုံးသူစုစုပေါင်းဟာ ၃၅၄ ဦးရှိလာခဲ့ပြီဖြစ်ပါတယ်။ ဓာတ်ခွဲခန်းရလာဒ်သစ်တွေအရလည်း ရောဂါကူးစက်သူ ၉၅၈ ဦးထပ်တိုးလာတဲ့အတွက် နိုင်ငံတဝန်းကူးစက်ခံရသူပေါင်း ၉၀၀၀ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာကြေညာသွားပါတယ်။

Most Viewed

Most Recent