“ဖွဲ့စည်းပုံအခြေခံဥပဒေက မဖြစ်မနေလုပ်ရတဲ့အလုပ်၊ နိုင်ငံအတွင်းမှာလည်း Positive လူနာမရှိသေးတဲ့အတွက် လွှတ်တော်ကျင်းပနေရခြင်းဖြစ်တယ်”
ဒေါက်တာလှမိုး(အတွင်းရေးမှူး)
လွှတ်တော်အခွင့်အရေးကော်မတီ(ပြည်သူ့လွှတ်တော်)
၆ ပတ်တာ လူစုလူဝေးများသော အခမ်းအနားများ ၊ ပွဲလမ်းသဘင်များ ကျင်းပခြင်းကို မပြုလုပ်ဖို့ အစိုးရက ကြေညာခဲ့ပြီးနောက် လွှတ်တော်လေ့လာရေးလာရောက်သူများကို ကန့်သတ်ခဲ့ပြီး ကိုယ်စားလှယ် ၆၀၀ ကျော်ဖြင့် ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် ရပ်နားခြင်းမရှိသေးတဲ့အပေါ် မေးမြန်းမှုကို NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး ဖြေကြားမှုထဲက ကောက်နုတ်ဖော်ပြပေးခြင်း ဖြစ်ပါတယ်။