စစ်ဌာနချုပ်နယ်မြေ ငါးခုရှိ NCA လက်မှတ်ထိုးရန် ကျန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် နယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး လေးလကျော် ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်
တပ်မတော်ရဲ့ စစ်ဌာနချုပ် နယ်မြေ ငါးခုရှိ NCA လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားဖို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဧပြီလ ၃ဝရက်နေ့အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး ရပ်ဆိုင်း ပေး မယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ၂၁ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။