■ သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပြည်သူများ မိမိအိမ်၌သာ နေထိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဆင့်ဆင့်အား ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား
■ မန္တလေးတိုင်းအတွင်း စားသောက်ကုန်၊ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း စက်ရုံများမှလွဲ၍ ကျန်လုပ်ငန်းအားလုံး ဧပြီ ၇ ရက် မှစ၍ ရပ်နားပေးရန် တိုင်းအစိုးရ ပန်ကြား
■ ထိုင်းနိုင်ငံတွင် ကာဖျူးအမိန့် ထုတ်ပြန်ပြီးနောက် တနင်္သာရီတိုင်းအတွင်းရှိ မြန်မာ - ထိုင်း နယ်စပ်ဂိတ်များအားလုံးကို ဧပြီ ၃၀ ရက်အထိ ဆက်ပိတ်ထားရန် အမိန့်ထုတ်
■ နောင်ချိုမြို့နယ်တွင် ၃၀ မဂ္ဂါဝပ် ထွက်မည့် အသေးစား ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရနှင့် ဆောက်မည့်ကုမ္ပဏီတို့ MOA လက်မှတ်ထိုး
အစရှိတဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးထားပါတယ်။