“တိုင်းအတွင်း မဝင်ရဘူး ၊ မထွက်ရဘူး ဆိုတာမျိုးတွေ မလုပ်ပါဘူး၊ သင်္ကြန်ကာလအတွင်း ဖိဖိစီးစီးလေး နေလိုက်မယ်ဆိုရင် ရောဂါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ တားဆီးနိုင်မယ်လို့ ယုံကြည်ပါတယ်”
■ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)
သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပြည်သူများ မိမိအိမ်၌သာ နေထိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဆင့်ဆင့်အား ရန်ကုန်တိုင်းအစိုးရ ညွှန်ကြားထားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြခြင်း ဖြစ်ပါတယ်။