ဒေါ်နယ်ထရန့်၏ နယ်စပ်တံတိုင်းဘတ်ဂျက်ကိစ္စညှိနှိုင်းမရသည့်နောက် အမေရိကန်အစိုးရ ယန္တရားအချို့ရပ်ဆိုင်း
မက္ကဆီကိုနယ်စပ်တံတိုင်းဆောက်လုပ်မှုအတွက် လွှတ်တော်ကဒေါ်လာငါးဘီလီယံချပေးဖို့ဆိုတဲ့ သမ္မတထရန့်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီးညှိနှိုင်းမရတဲ့အဆုံးဒီဇင်ဘာ ၂၂ ရက်အစောပိုင်းကစပြီး အမေရိကန်အစိုးရယန္တရား အချို့ရပ်ဆိုင်းသွားပါတယ်။