ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသူများကြောင့် ဥရုဂွေးကမ်းလွန်ရှိ အပျော်စီးသင်္ဘောပေါ်မှ ခရီးသည်များကို ကယ်ထုတ်မည်
ဥရုဂွေးကမ်းလွန်မှာသောင်တင်နေတဲ့ အပျော်စီးသင်္ဘောပေါ် လိုက်ပါလာသူတွေထဲမှာ ၆၀ ရာခိုင်နှုန်းနီးပါးက ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိထားတာကြောင့် သင်္ဘောပေါ်မှ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံသား ခရီးသည်တွေကို ဧပြီလ ၉ ရက်နေ့မှာ လေယာဉ်နဲ့ ရွှေ့ပြောင်းပေးမှာဖြစ်ပါတယ်။