စမ်းသပ်ဆေးဝါး Remdesivir ဖြင့် မျောက်များကို စမ်းသပ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြောင်း တွေ့ရှိရ
အမေရိကန် ဇီဝဆေးဝါးကုမ္ပဏီ Gilead Sciences Inc ရဲ့ စမ်းသပ်ဗိုင်းရပ်စ်သတ်ဆေးဖြစ်တဲ့ remdesivir (ရမ်ဒီစဗီယာ)ကို မျောက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက် တားဆီးပေးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်မှာ တွေ့ရှိရတယ်လို့ ဓာတ်မတည့်ခြင်းနဲ့ ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျုက ကြေညာခဲ့ပါတယ်။