ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားမှုကို မေလကုန်အထိ ထပ်တိုးမည်
ထိုင်းနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားမှုကို မေလကုန်အထိ တိုးမြှင့်သွားမှာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူဦးရေ လျော့ကျလာတာကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူ သွားလာလှုပ်ရှားမှုတွေအပေါ် ကန့်သတ်မှုတချို့ကို ဖြေလျှော့ပေးဖို့ စဉ်းစားသွားမယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။