အခုလိုကာလမျိုးမှာအပြင်ထွက်အလုပ်လုပ်နေရတဲ့သူတွေနဲ့ ကာကွယ်ရေးပစ္စည်းအသုံးမပြုသူတွေကိုပိုပြီးစိတ်ပူတဲ့အကြောင်းပြောလာတဲ့ဟန်တီ (ရုပ်သံ)
အလှမယ်၊သရုပ်ဆောင် ဟန်တီကတော့ လက်ရှိမှာအိမ်မှာပဲနေဖြစ်နေပြီးရောဂါကာကွယ်နေတယ်ဆိုပေမယ့် ပရိသတ်တွေအားလုံးကိုလည်းစိတ်ပူသလိုအခုလိုကာလမျိုးမှာအပြင်ထွက်အလုပ်လုပ်နေရတဲ့သူတွေနဲ့ ကျန်းမာရေးအတွက် ကာကွယ်ဖို့ Mask တွေ၊ Hand Gelတွေ အသုံးမပြုသေးတဲ့သူတွေကိုတော့ ပိုပြီးစိတ်ပူတယ်လို့ဆိုပါတယ်။ အိမ်မှာပဲနေဖြစ်နေတဲ့အချိန်မှာသူမဘာတွေလုပ်ဖြစ်နေလဲ၊ ဒီကပ်ဆိုးကြီးပြီးသွားရင် ဘာတွေကိုအရင်ဆုံးလုပ်ချင်လဲဆိုတာကိုတော့ သရုပ်ဆောင် ဟန်တီ က အခုလိုပဲပြောပါတယ်။