မေလ ၅ ရက် နံနက်ခင်းသတင်းအစီအစဉ်

မေလ ၅ ရက် နံနက်ခင်းသတင်းအစီအစဉ်
Published 5 May 2020

■ တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦး အပါအဝင် ခြောက်ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ ၁၆၁ ဦးထိရှိလာ

■ တရုတ်နိုင်ငံမှ မိမိအစီစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် ကိုယ်အပူချိန်လွန်ကဲနေသူတစ်ဦး တွေ့ရှိ

■ COVID-19 ရောဂါလူနာများနှင့်ထိတွေ့မှုမရှိခဲ့သော လူနာအမှတ် ၁၅၅ ကို သတင်းသွားမေးမြန်းသူများ အပါအဝင်(၂၃)ဦးကို Quarantineထားရှိ

■ နယ်စပ်ဖြတ်ကျော်သွားလာမှုကို ထိုင်းနိုင်ငံဘက်မှ ယာယီရပ်ဆိုင်းခဲ့ခြင်းကြောင့် မေလ ၃ရက်နေ့က မြန်မာနိုင်ငံဘက် ပြန်လာသူမရှိခဲ့ပဲ မေလ၄ ရက်နေ့တွင် နေရပ်ပြန်လာသူ ၄၄ဦးရှိကြောင်းသိရ

အစရှိတဲ့စိတ်ဝင်စားဖွယ်ရာ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

Most Viewed

Most Recent