အမ်ဖန်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ အိန္ဒိယအာဏာပိုင်များ စတင်ဆောင်ရွက်

အမ်ဖန်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ အိန္ဒိယအာဏာပိုင်များ စတင်ဆောင်ရွက်
Published 22 May 2020

 

အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ကြောင့် အပျက်အစီးအများအပြားကျန်ရစ်ခဲ့ပြီးနောက် မေလ ၂၁ ရက် နေ့က အိန္ဒိယအာဏာပိုင်တွေဟာ နိုင်ငံအရှေ့ပိုင်းရဲ့ဒေသအသီးသီးမှာ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင် ခဲ့ကြပါတယ်။