ဘရာဇီးမှ ခရီးသွားများ နိုင်ငံတွင်း ဝင်ရောက်မှု အမေရိကန် ပိတ်ပင် 

ဘရာဇီးမှ ခရီးသွားများ နိုင်ငံတွင်း ဝင်ရောက်မှု အမေရိကန် ပိတ်ပင် 
Published 26 May 2020

 

အမေရိကန်နိုင်ငံသား မဟုတ်သူတွေ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ဘရာဇီးမှာရှိနေခဲ့ရင် သူတု့ိကို နိုင်ငံထဲ အဝင်မခံဘူးလို့ အိမ်ဖြူတော်က မေ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ပြီးရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဘရာဇီးဖြစ်လာပြီး ရက်ပိုင်းအကြာမှာ အမေရိကန်က အခုလို ဆုံးဖြတ်လိုက်တာပါ။