ဟိုက်ဒရောက်ဆီကလိုရိုကွင်း ငှက်ဖျားဆေးကို ကိုရိုနာဗိုင်းရပ်စ်လူနာများတွင်စမ်းသပ်မှု WHO ရပ်ဆိုင်း
ဘေးကင်းမှုဆိုင်ရာစိုးရိမ်မှုတွေကြောင့် ငှက်ဖျားဆေး ဟိုက်ဒရောက်ဆီကလိုရိုကွင်းကို ကိုရိုနာဗိုင်းရပ်စ်လူနာတွေမှာ စမ်းသပ်နေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကရပ်ဆိုင်းထားတယ်လို့၎င်းအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအက်ဟာနွန် က မေလ၂၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။