ဥရောပတိုက်၏ အမြင့်ဆုံးနှင့် လှုပ်ရှားမှုအများဆုံး မောင့်အက်(တ်)နာ မီးတောင် ပေါက်ကွဲမှုဖြစ်ပွား
ဥရောပတိုက်ရဲ့ အမြင့်ဆုံးနဲ့ သက်ဝင်လှုပ်ရှားမှုအများဆုံး မီးတောင်ဖြစ်တဲ့ အီတလီနိုင်ငံရှိ မောင့်အက်(တ်)နာ မီးတောင်ဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေထုထဲကို မီးတောင်ပြာအများအပြား မှုတ်ထုတ်ခဲ့တာကြောင့် စစ္စလီကျွန်း အရှေ့ဘက်ကမ်းခြေရှိ ကာတာနီးယားမြို့ရဲ့ လေဆိပ်ကို ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။