နှစ်မီတာ ခွာနေရမယ်ဆိုတဲ့ သတ်မှတ်ချက်က ဟိုတယ် ၊ စားသောက်ဆိုင်နဲ့ ဘားတွေ ပါဝင်တဲ့ hospitality လုပ်ငန်းအများစုနဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဘက်က အမတ်တချို့က သတိပေးနေတာကြောင့် နှစ်မီတာ Social Distancing သတ်မှတ်ချက်ကို ဗြိတိန်အစိုးရက ပြန်လည် သုံးသပ်နေပါတယ်။