တရုတ်နိုင်ငံရွှေလီမြို့ စီကိုင်ထောင်တွင် အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း (ရုပ်သံ)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြန်မာ - တရုတ် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး နန်းတော်ဂိတ်မှာ ဇွန်လ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်းထောင်မှာ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံခဲ့ရသူ မြန်မာနိုင်ငံသား ၁၀၅ ဦးကို တရုတ်နိုင်ငံက ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။