တရုတ်နိုင်ငံက ဝင်ထွက်ခွင့် မူဝါဒကြောင့် ကုန်တင်ယာဉ်များ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့၌ ရက်ရှည်တန်းစီစောင့်ဆိုင်းနေရ
တရုတ်နိုင်ငံက Covid -19 ရောဂါ ကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးအတွက် တရုတ်နိုင်ငံက သတ်မှတ်လိုက်တဲ့ အစားထိုးယာဉ်မောင်းနဲ့ ဝင်ထွက်ခွင့်မူဝါဒကြောင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့တွင် ကုန်တင်ယာဉ်တွေမှာ ရက်ရှည်တန်းစီစောင့်ဆိုင်းနေရတယ်လို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။