တရုတ်နိုင်ငံအကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံပြီးနောက် မြန်မာနိုင်ငံသို့ပြန်လွှဲပြောင်းခဲ့သူများထဲတွင် HIV ပိုးနှင့် TB ရောဂါရှိသူများ တွေ့ရှိ
Covid - 19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း တရုတ်နိုင်ငံအကျဉ်းထောင်အသီးသီးကနေ အကြောင်းအမျိုးမျိုး ကြာင့် အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသားတွေကို တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းခဲ့ပြီးနောက် ခုခံအား ကျဆင်းမှုကူးစက်ရောဂါပိုး (HIV) နဲ့ တီဘီရောဂါတွေတွေ့ရှိရတယ်လို့ မူဆယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါ တယ်။