ရိုက်ကူးရေးလုပ်ချင်လို့စာလာတင်ထားသူတွေကို ၂၅ရက်နေ့မှာ ခေါ်တွေ့ပါမယ်၊ပြန်ကြားရေးကလဲ ရိုက်ကူးရေး လုပ်တာ ကန့်ကွက်မှုမရှိပေမယ့် Covid-19 ဒုတိယလှိုင်းလဲပြောမရတော့ ဂရုတစိုက်ရိုက်ဖို့လိုပါတယ်
လက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကြော်ငြာ၊ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေပြန်လည်ရိုက်ကူးဖို့ စာ လာ တင်ထားတာတွေရှိပြီး သူတို့တွေကို လာမယ့် ဇွန်လ၂၅ရက်နေ့မှာခေါ်တွေ့ပြီး စည်းမျဉ်းစည်းကမ်း တွေကို ပြောပြသွားမယ်လို့ဆိုပါတယ်။ရိုက်ကူးရေးလုပ်သူများဟာ ကျန်းမာရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ စည်းကမ်းများကိုလိုက်နာပြီး နောက်ဆက်တွဲကိစ္စတွေလဲတာဝန်ယူမယ်ဆိုတဲ့ကတိပြုမှသာ ရိုက်ခွင့်ရမှာဖြစ်ပြီး လာမယ့်ဇူလိုင်မှာ ရိုက်ကွင်းတွေစနိုင်လိမ့်မယ်ထင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ခုလိုပြောပါတယ်။