စစ်တွေ နည်းပညာကောလိပ်အနီးတွင် လက်လုပ် ရီမု မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းငါးလုံး ထပ်မံဖော်ထုတ် ရရှိ

စစ်တွေ နည်းပညာကောလိပ်အနီးတွင် လက်လုပ် ရီမု မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းငါးလုံး ထပ်မံဖော်ထုတ် ရရှိ
Published 28 June 2020

ရခိုင်ပြည်နယ် စစ်တွေမြို့ နည်းပညာကောလိပ် (GTC) အနီးမှာ AA လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် လက်လုပ် ရီမုမိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ် ရီမုမိုင်း ငါးလုံး ထပ်မံဖော်ထုတ် ရရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၂၇ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။