လွတ်မြောက်လာတဲ့အချိန်မှာ အမေလွတ်မယ့်ရက်ကိုမျှော်နေတဲ့ သားသားနဲ့ပြန်တွေ့ရတာအရမ်းဝမ်းသာတယ် ၊ အသိတရားတွေ ၊ နောင်တတွေလဲအများကြီးရခဲ့သလို ရှောင်ရမယ့်အရာတွေလဲရှိလာတယ် - မေသန်းနု
ငွေကြေးလိမ်လည်မှုနဲ့ အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်ကျခဲ့တဲ့ အကယ်ဒမီမေသန်းနုဟာ ခြောက်လအကြာမှာ ပြန်လွတ်ခဲ့တာဟာ အထူးအစီအစဉ်တွေနဲ့လွတ်လာခဲ့တာမဟုတ်တဲ့အကြောင်းတွေ ၊ ထောင်ထဲမှာနေစဉ် နေထိုင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့ ပြန်လည်လွတ်မြောက်လာစဉ်ခံစားချက်တွေ ၊ ရှေ့ဆက်မယ့်ကိစ္စတွေနဲ့ပက်သက်တဲ့အစီအစဉ်တွေကို ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကခုလိုပြောပြခဲ့ကြပါတယ်။