Exclusive Interview - ရုပ်သံအစီအစဉ်
■ အာဏာရပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမဝင်ခင်တုန်းက ပေးထားတဲ့ ကတိတွေကို လက်တွေ့ကျကျ မစွမ်းဆောင်နိုင်ဘူးဆိုတာ ကျွန်တော်တို့တွေ့နေရတယ်။
■ နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တရားမျှတမှုရှိမှာမဟုတ်ဘူး။
ဦးဒေးဗစ်လှမြင့် (ဥက္ကဋ္ဌ - ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ)
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ပါတီအလိုက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်အတွက် ပါတီတွင်းပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်နေကြ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပါတီငယ်တွေ၊ အတိုက်အခံပါတီတွေရဲ့ လှုပ်ရှားမှုအခြေအနေ၊ လတ်တလောကာလ ကိုဗစ်၁၉နဲ့ပါတ်သက်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပါအဝင် ပါတီတွင်းလုပ်ငန်းတွေမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ လက်ရှိအာဏာရပါတီ NLDအပေါ်မှာ အတိုက်အခံပါတီဘက်က သဘောထားအမြင်တွေကို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဦးဒေးဗစ်လှမြင့်နဲ့ ဇွန်လ၂၅ရက်နေ့က တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။
[Zawgyi]
Exclusive Interview - ရုပ္သံအစီအစဥ္
■ အာဏာရပါတီအေနနဲ႕ ၂၀၁၅ ေရြးေကာက္ပြဲမ၀င္ခင္တုန္းက ေပးထားတဲ့ ကတိေတြကို လက္ေတြ႕က်က် မစြမ္းေဆာင္ႏုိင္ဘူးဆိုတာ ကြ်န္ေတာ္တို႔ေတြ႕ေနရတယ္။
■ ႏို၀င္ဘာလမွာ ေရြးေကာက္ပြဲလုပ္မယ္ဆိုရင္ တရားမွ်တမႈရွိမွာမဟုတ္ဘူး။
ဦးေဒးဗစ္လွျမင့္ (ဥကၠ႒ - ညီညြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ)
၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ႏို၀င္ဘာလအတြင္းက်င္းပမယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားပါတယ္။ ႏုိင္ငံေရးပါတီေတြအေနနဲ႔လည္း ပါတီအလိုက္ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္မႈေတြနဲ႕ ေရြးေကာက္ပြဲ၀င္ၿပိဳင္အတြက္ ပါတီတြင္းျပင္ဆင္မႈေတြကိုလည္း ေဆာင္ရြက္ေနၾက ၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ပါတီငယ္ေတြ၊ အတိုက္အခံပါတီေတြရဲ႕ လႈပ္ရွားမႈအေျခအေန၊ လတ္တေလာကာလ ကိုဗစ္၁၉နဲ႕ပါတ္သက္တဲ့ ကန္႕သတ္ခ်က္ေတြေအာက္မွာ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈအပါအ၀င္ ပါတီတြင္းလုပ္ငန္းေတြမွာ ေတြ႕ႀကံဳေနရတဲ့ အခက္အခဲေတြနဲ႕ လက္ရွိအာဏာရပါတီ NLDအေပၚမွာ အတိုက္အခံပါတီဘက္က သေဘာထားအျမင္ေတြကို ၁၉၉၀ ေရြးေကာက္ပြဲမွာ အႏိုင္ရလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ ညီညႊတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ ဥကၠ႒အျဖစ္တာ၀န္ယူထားတဲ့ ဦးေဒးဗစ္လွျမင့္နဲ႕ ဇြန္လ၂၅ရက္ေန႔က ေတြ႕ဆံုေမးျမန္းထားတာကို တင္ဆက္ေပးလိုက္ပါတယ္။
နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တရားမျှတမှုရှိမှာမဟုတ်ဘူး။