အိန္ဒိယတွင် လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဓာတုစက်ရုံ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ၁၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး
လွန်ခဲ့တဲ့ ၂ လက လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ LG Polymers ဓာတုစက်ရုံ ဓာတ်ငွေ့ ယိုစိမ့်မှုနဲ့ပတ်သက်ပြီး ၎င်းကုမ္ပဏီရဲ့ အမှုဆောင်ချုပ်နဲ့ ဒါရိုက်တာနှစ်ဦးအပါအဝင် တာဝန်ရှိသူ ၁၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။