သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၈၈ ဦး စံချိန်တင် တွေ့ရှိ
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၈၈ ဦး စံချိန်တင် တိုးလာခဲ့ပြီး လက်ရှိကုသမှုခံယူနေတဲ့ လူနာအရေအတွက်ဟာ ၁၁၇၂ ဦး ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။