■ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုတာထက် တစ်ဖက်က အနိုင်ရအောင် လုပ်သွားတာဖြစ်တယ် ၊ အဲ့ဒီ့အချိန်မှာဖြစ်ပေါ်နေတဲ့ပြည်သူတွေရဲ့ အနေအထားကိုရအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်သွား တဲ့အတွက် တစ်ဖက်ပါတီက အနိုင်ရသွားတာဖြစ်တယ်။
■ မှန်မှန်ကန်ကန်နဲ့ အောင်နိုင်ဖို့ဆိုတာ လက်ရှိအာဏာရပါတီနှင့် ဒိုင်ဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် ရဲ့ မှန်မှန်ကန်ကန်၊စည်းစနစ်ကျကျ ၊ မျှမျှတတလုပ်ဆောင်မှုအပေါ် မူတည်တယ်
ဦးသောင်းအေး(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းတင်ဆက်ပေးထားပါတယ်။