ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အချက်အလက် ခိုးယူရန် ကြိုးပမ်းခဲ့သော Hacker များမှာ ရုရှားအစိုးရနှင့် ပတ်သက်နေဟု ဗြိတိန်ယူဆ
ရုရှားအစိုးရ အားပေးထားတဲ့ ဟက်ကာတွေက ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တီထွင်နေတဲ့ ဆေးပညာသုတေသန အဖွဲ့အစည်းတွေထံကနေ ဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ကုသမှုဆိုင်ရာ သုတေသနတွေကို ခိုးယူဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေ စွပ်စွဲထားမှုမှာ လုံးဝသေချာမှုှ ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရပ်ဘ်က ဇူလိုင် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။