"ကျွန်တော်တို့ တာဝန်ယူစဉ်ကာလမှာ မရိုးမသားတဲ့နည်းတွေနဲ့ ရယူပြီးတော့ ပိုင်ဆိုင်ထားတာရှိရင် ကျွန်တော်တို့လည်း Challenge လုပ်ပါတယ်၊ မီဒီယာတွေ စာလုံးအမဲကြီးနဲ့ သူခိုးလို့ ခေါ်နိုင်ပါတယ်"
■ ဦးမြင့်မောင် (ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး)
ဇူလိုင် ၂၁ ရက်တွင် တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် တနသာၤရီတိုင်းဒေသကြီး အစိုးရအဖွဲ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသော သတင်းမီဒီယာများမှ အစိုးရသက်တမ်း ၅ နှစ်ပြည့်ပါက ပိုင်ဆိုင်မှုများ ချပြသွားရန် ရှိ မရှိ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ် ဦးမြင့်မောင်၏ ပြန်လည်ဖြေကြားချက်များမှ ထုတ်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။