အမေရိကန်ဆေးကုမ္ပဏီ Gilead Sciences ကထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေး ရမ်ဒီဆီဗီယာလို ပြည်တွင်းထုတ် ရမ်ဒီဆီဗီယာဆေးတွေကို မှောင်ခိုဈေးနဲ့ တင်ရောင်းသူတွေလို့ သံသယရှိသူ ၁၄ ဦးကို အိန္ဒိယရဲတွေက ဖမ်းဆီးထားပါတယ်။ သံသယရှိသူတွေဟာ အများဆုံးပေးရတဲ့ လက်လီဈေးထက် ငါးဆတင်ပြီး ဆေးကို ရောင်းချခဲ့တာပါ။