တနင်္သာရီတိုင်းအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၆ ရက်ထိ မုဒိမ်းမှု ၆၄ မှုထိရှိခဲ့ပြီး ၂၀၁၇ တစ်နှစ်လုံး စာထက် ပိုမိုများပြားခဲ့
တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၆ ရက်ထိ မုဒိမ်းမှု ၆၄ မှုနဲ့ ကြံစည်မှု ၂၀ မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲမှာ သက်ငယ်မုဒိမ်းမှု ၃၈ မှုနဲ့ ကြံစည်မှု ၁၀ မှု ပါဝင်ခဲ့ကာ စုစုပေါင်း မုဒိမ်းမှုဖြစ်ပွားမှုဟာ ၂၀၁၇ တစ်နှစ်လုံးစာထက် ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။