■ အစိုးရနှင့် NCA-S EAO တို့၏ ခြောက်ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များအားလုံး သဘောတူညီမှု မရရှိသေး
■ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို သြဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်
■ သြဂုတ် ၁ ရက် ထီဖွင့်ပွဲ၌ ထီဆုငွေ ကျပ် ၁၉၆၃၆ ဒသမ ၃၂၀ သန်း ချီးမြှင့်မည့်အပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ထပ်မံချီးမြှင့်မည်
■ မိတ္ထီလာမြို့နယ်တွင် မဲစာရင်းကြည့်ရှုပြီးသူ ၃၃၀၀ ကျော်ရှိပြီး မဲစာရင်းမှားယွင်းမှုများအတွက် ပြင်ဆင်ရမှု ၁၁၀၀ ကျော်ရှိ