သြဂုတ် ၁ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များနှင့် ပတ်သက်၍ အစိုးရနှင့် NCA-S EAO တို့၏ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး နေပြည်တော်တွင် ယနေ့ပြုလုပ်မည်
■ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကလေးလုပ်သား တစ်သန်းကျော်ရှိပြီး ၆ သိန်းကျော်မှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြရဟု ILO ထုတ်ပြန်
■ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အလွန်ကောင်းနိုင်သဖြင့် သြဂုတ်လဆန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ် ရှစ်ခုတွင် ခြောက်ရက်ခန့်မိုးကြီးနိုင်