ချန်ပီယံတို့ရဲ့ အာဟာရ . . . 

ချန်ပီယံတို့ရဲ့ အာဟာရ . . . 
Published 6 August 2020

ချန်ပီယံတို့ရဲ့ အာဟာရ . . . 

ယာဂန်ကလော့ပ်က သူ့ရဲ့ Backroom Staff တွေကို အောင်ပွဲအတွက် အထူးညွှန်းဆိုနေပါတယ်။ ဒီအထဲမှာ အရေးပါတဲ့ကဏ္ဍလည်းဖြစ်၊ လူတွေ မေ့ထားတတ်တဲ့ကဏ္ဍလည်းဖြစ်တာက အသင်းရဲ့ အစားအသောက်ပိုင်းပါပဲ။ ပြည့်စုံအောင်ပြောရရင်တော့ အာဟာရဗေဒပေါ့။

လူ့ခန္ဓာကိုယ်က စက်ကြီးတစ်လုံးနဲ့ တူပါတယ်။ အစားအသောက်ဆိုတာကတော့ လောင်စာဆီပါပဲ။ ဇီဝယန္တရားကို ဒီလောင်စာနဲ့ မောင်းနှင်ရတယ်။ လီဗာပူးလ်က မနှစ်က ချန်ပီယံလိဂ် ဖလား ယူတယ်၊ အမှတ်(၁၀၀)နီးနီး ရတယ်၊ ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလားယူတယ်၊ အမှတ်(၁၀၀)နီးနီး ရနေဆဲပဲ။ လီဗာပူးလ်အသင်းရဲ့ ကစားဟန်က စွမ်းအင်အများကြီးသုံးပါတယ်။ တိုက်စစ်ကစားသမားတွေကအစ မနားတမ်းဘောလုံးလိုက်လုနေရတယ်။ ဖိအားပေးကစားရတယ်။ ဘောလုံးလိုက်လုရပါတယ်။ 

လူအင်အားမှာ လီဗာပူးလ်ဟာ မန်စီးတီးလို အလျှံပယ်ကြွယ်ဝခြင်း မရှိပါဘူး။ အဓိကကစားသမားတွေ နားရရင် အရည်အသွေးမကျသွားအောင် အစားထိုးနိုင်တဲ့သူ မရှိပါဘူး။ အခုလို ဥရောပကိုရော၊ အင်္ဂလန်ကိုရော အောင်နိုင်ခဲ့ခြင်းလမ်းမှာ အင်ပြည့်အားပြည့်နဲ့ အရှိန်ကုန်လွှင့်နိုင်အောင် လောင်စာဖြည့်ပေးတာ အာဟာရနမ်မာတို့ရဲ့ အစွမ်းအစတွေပါပဲ။