လက်ဘနွန်ဆန္ဒပြသူများက အစိုးရဝန်ကြီးဌာနအဆောက်အအုံများကို အတင်းဝင်ရောက်ခဲ့ကြပြီး သမ္မတရုပ်ပုံကိုမီးရှို့ခဲ့ကြ
ပြီးခဲ့တဲ့ရက်ပိုင်းက ဘေရွတ်မြို့မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက်ဘနွန်မှာ ဆန္ဒပြမှုတွေမြင့်တက်လာခဲ့ပြီး ဆန္ဒပြသူတွေဟာ သြဂုတ်လ ၈ရက်နေ့က ဘေရွတ်မှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရုံးထဲကို ဝင်ရောက်ခဲ့ကြကာ လက်ဘနွန်သမ္မတမီရှယ်အာဝင်ရဲ့ ရုပ်ပုံကိုမီးရှို့ခဲ့ကြပါတယ်။