နှစ်ပေါင်းများစွာဂီတကိုမလုပ်နိုင်တဲ့ အချိန်တွေရှိသလို ခုလိုအချိန်အားနေတုန်းမှာ တစ်ကိုယ်တော်ခွေ လေးခွေ လောက် ထပ်ထွက်ဖို့အားသွန်ပြီး ပြင်ဆင်နေပါတယ်၊ ၈ခွေမြောက်အယ်ဘမ်ကတော့အကုန်ပြီးပါပြီ - တင်ဇာမော် (ရုပ်သံ)
အဆိုတော် တင်ဇာမော်ကတော့ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ 7 Album ထွက်ရှိပြီးနောက် တစ်ကိုယ်တော်အယ်ဘမ် လေးချပ်စာလောက် ထပ်ထွက်ဖို့ အချိန်ရတုန်းမှာ တစ်ပြိုင်တည်း စီစဉ်နေတယ်လို့သိရပါတယ်။ ထပ်ထွက်မယ့် တစ် ကိုယ်တော်ခွေတွေထဲမှာ Live Show အယ်ဘမ် ၊ ပြန်ဆိုတေး အယ်ဘမ် တွေပါဝင်သီ ဆိုရန်စီစဉ်ထားကြောင်းနဲ့ထပ် မံမြင်တွေ့ရမယ့် အနုပညာဖန်တီးမှုတွေ အကြောင်းကို ခုလိုပြောပြခဲ့ပါတယ်။