ဖားကန့်ဒေသ ရေကြီးရေလျှံမှုလျှော့ချရန် ဥရုချောင်းဆယ်ယူရေးဆက်တိုက်လုပ်ဆောင်ရမည်ဟု ပြည်နယ်အစိုးရ ပြော
ဖားကန့်ဒေသ ရေကြီးရေလျှံမှုလျှော့ချဖို့ ဥရုချောင်းဆယ်ယူရေးကို ဆက်တိုက်လုပ်ဆောင်ရမယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။