■ နေမာနဲ့ PSG အစွမ်းပြရမယ့်အချိန်

■ နေမာနဲ့ PSG အစွမ်းပြရမယ့်အချိန်
Published 15 August 2020

နေမာနဲ့ PSG အသင်းရဲ့ ပေါင်းစပ်မှုဟာ ရည်မှန်းချက်တူ၊ အိပ်မက်တူသူတွေ ပေါင်းစပ်မှုဖြစ်ပါတယ်။ PSG အသင်းအနေနဲ့ နေမာကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ရည်ရွက်ချက် ပြတ်သားပါတယ်။ သူတို့ဟာ ဥရောပမှာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့လို အရှိန်အဝါကြီးမားတဲ့အသင်းမျိုးဖြစ်တယ်ဆိုတာကို ပြချင်တာပါ။

နေမာရဲ့ရည်မှန်းချက်ကတော့ PSG အသင်းကို ချန်ပီယံလိဂ်ဖလားတွေ ရယူပေးပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့အပြိုင် ကမ္ဘာ့အကောင်း ဆုံးဆုတွေကို သိမ်းပိုက်ဖို့ပါ။

ဒီနှစ်က ၁၉၇၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ PSG အသင်းအတွက် နှစ် (၅၀)ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ချန်ပီယံလိဂ်မှာ နေမာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်တဲ့ ရာသီလည်း ဖြစ်တယ်။ ဒါ့အပြင် ကံတရားရဲ့ ဖေးမမှုကလည်း PSG အသင်းဘက်မှာ ရှိနေပုံရတယ်။