ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်ခုကို စစ်သွေးကြွများက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးသူ ၁၆ ဦးရှိလာ
သြဂုတ်လ ၁၆ ရက်က ဆိုမာလီယာနိုင်ငံ၊ မြို့တော်မိုဂါဒစ်ရှူးက အဆင့်မြင့် ပင်လယ်ကမ်းခြေဟိုတယ်တစ်ခုကို စစ်သွေးကြွတွေက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။