ဒေးဗီးစ်ရဲ့ ဘဝလက်တွဲဖော် PSG တိုက်စစ်မှူး ဂျော်ဒန်ဟူတီမာ
ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ ဆုံတွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဘိုင်ယန်ကြယ်ပွင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ PSG တိုက်စစ်မှူးဟူတီမာတို့ ရဲ့ အချစ်ဇာတ်လမ်းက ဘောလုံးပရိသတ်တွေအကြား ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ပြန်အသက်သွင်းဖို့ဆိုရင် လွန်ခဲ့တဲ့ (၃)နှစ်ကို ပြန်သွားရမယ်။ အဲဒီတုန်းက သူတို့ နှစ်ယောက်လုံးက (၁၆)နှစ်ပဲရှိသေးတယ်။ ရင်ခုန်တတ်စ၊ နှစ်လုံးသားဖူးပွင့်စအရွယ်မှာ အချစ်ဆိုတဲ့အရာကို သူတို့ရှာတွေ့ခဲ့ကြတယ်။ အသက်(၁၇)နှစ်အောက် ကနေဒါ အမျိုးသားနဲ့ အမျိုးသမီးအကောင်းဆုံးကစားသမားဆုတွေကို သူတိုနှစ်ဦးလုံး တစ်ပြိုင်တည်းရခဲ့တယ်။ အဲဒီအချိန်ကနေ စတင်ခဲ့တဲ့ ချစ်သူသက်တမ်းက ဒီအချိန်မှာ ၃ နှစ်ထဲကိုရောက်နေပြီ။
ဒေးဗီးစ်နဲ့ ဟူတီမာတို့ဟာ ကွင်းထဲမှာ အပြိုင်အဆိုင်ခြေစွမ်းပြနေကြသလို လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Tik Tok မှာလည်း အောင်မြင်တဲ့အတွဲဖြစ်ပါတယ်။ လက်ရှိရာသီမှာ သူက PSG အသင်း အတွက် (၁၉)ပွဲကစားပြီး သွင်းဂိုး(၅)ဂိုးသွင်း ပေးထားတယ်။ PSG မှာ ကစားနေတဲ့ ကောင်မလေးကို ဘိုင်ယန်ကိုခေါ်မလားလို့ မေးချိန်မှာ ဒေးဗီးစ်က " ပဲရစ်မှာ သူပျော်နေရင် အဆင်ပြေပါတယ်၊ သူပျော်သလိုနေပါစေ " လို့ ဖြေခဲ့တယ်။ နားလည်မှုဆိုတာ တစ်ယောက် ဆန္ဒကိုတစ်ယောက်လေးစားခြင်းပါပဲ။