(၄၃)ကြိမ်မြောက်မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကိုအောက်တိုဘာလ၉ရက်နေ့တွင်ကျင်းပပြုလုပ်မှာဖြစ်ပြီးလက်ရှိမှာတော့ကန်တော့ခံသက်ကြီးများအတွက်အလှူငွေ၊ဆေးဝါးပစ္စည်းတွေကိုစတင်လှူဒါန်းနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။Covid-19 ရောဂါဖြစ်ပွားစဉ်ကာလဖြစ်တဲ့ အတွက်အရင် နှစ်တွေလိုနိဗ္ဗာန်ဈေးတွေပါဝင်ပြီးစည်ကားစွာကန်တော့နိုင်တော့မှာမဟုတ်ဘဲအကျဉ်းချုံးပြီးလုပ်ဖို့စီစဉ်ထားတဲ့အကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဌဦးအေးကြူလေးကခုလိုပြောပါတယ်။