မန္တလေးတိုင်းဒေသကြီးတွင် COVID-19 နှင့်ပတ်သက်၍ ညမထွက်ရအမိန့်အပါဝင် ဖောက်ဖျက်မှုပေါင်း ၁၉၅ မှုရှိခဲ့ပြီး လူဦးရေ ၄၃၀ ကို အရေးယူ
မန္တလေးတိုင်းဒေသကြီးမှာ COVID-19 နဲ့ပတ်သက်ပြီး ညမထွက်ရအမိန့်အပါဝင် စည်းကမ်းလိုက်နာမှုမရှိဘဲ ဖောက်ဖျက်မှုပေါင်း ၁၉၅ မှုရှိခဲ့ပြီး လူဦးရေ ၄၃၀ ကို အရေးယူထားတယ်လို့ မန္တလေးတိုင်းဒေသကြီး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးထံမှ သိရပါတယ်။